Vista ကို USB Stick ကနေတင်ရအောင်

•September 25, 2009 • 2 Comments

Windows တင်ခါနီးရင် ကျွန်တော့်အသိတွေက အခွေဘယ်လောက်ပဲ ပေးထားပေးထား ကျွန်တော့်ကိုပဲ လာလာတင်ခိုင်းတတ်ကြပါတယ်။
Desktop Computer တေဿွမှာ Rom မကောင်းရင် တခြားစက်က DVD Rom ဖြုတ်လဲပြီး Windows တင်တာ Software တင်တာလုပ်လို့ရပါတယ်။ Laptop ဆိုရင်ကော External DVD Rom တွေ Combo တွေရှိတော့ရှိပါရဲ့ အဆင်မပြေပါဘူး။ Software တင်ရင် သိပ်ကိစဿစမရှိပေမယ့် Windows တော့တင်လို့မရတာ တင်ရင်းတန်းလန်း ရပ်သွားတာတွေဖြစ်တတ်ပါတယ်။
Windows Vista ဆိုရင်တော့ Mocrosoft က USB Drive လေးတွေထဲမှာ Vista ထည့်ပြီးရောင်းပါတယ်။ Stick လေးဝယ်ပြီးတော့ Vista တင်လိုက်ရုံပါပဲ။ မြန်မာပြည်တော့ ရောက်လာတာမတွေ့မိဘူးဗျ။
အေးလေ ရောက်လာလဲ $700 လောက်ပေးပြီး ဘယ်သူဝယ်မတုန်း ?

ကဲဒီတော့ ကိုယ်ပိုင် USB လေးတစ်ခုနဲ့ Vista Install လုပ်နိုင်ဖို့ပြင်ဆင်ကြည့်ရအောင်
လိုအပ်ချက်

Vista သွင်းမယ့် Desktop / Laptop မှာ
Vista သွင်းနိုင်တဲ့ Motherboard နဲ့ CPU ဖြစ်မဖြစ်အရင်စစ်ဆေးပါ၊
HDD 8 GB နှင့်အထက်
Memory Ram 1 GB နှင့်အထက်
USB ကနေ Boot လုပ်နိုင်ရပါမယ်
(Vista တင်နိုင်တဲ့ Board တိုင်းမှာတော့ USB Boot ကို Support လုပ်ပါတယ်၊ USB ကနေ Boot တက်နိုင်တဲ့ Board တိုင်း Vista ကို Support မလုပ်ပါ)

(Vista တင်မယ့်စက်မှာ အောက်ဖော်ပြပါစာရင်း မရှိလဲ ရပါတယ်။ အခြားစက်မှာ ပြုလုပ်နိုင်ပါတယ်)
USB Stick 4 GB
Vista Install DVD
DVD Rom

အဲတာတွေ ပြည့်စုံပြီဆိုရင်တော့
Vista Install Setup DVD ခွေကို DVD Rom ထဲထည့်ထားပါ။
USB Stick က Data တွေတခြားနေရာမှာ သိမ်းဆည်းပါ။ (Format ချမှာဖြစ်တဲ့အတွက် Data တေဿွအကုန်ပျက်ကုန်မှာဖြစ်ပါတယ်။)

ပြီးရင် Windows Key + R (Run Box) => cmd (Command Prompt)
ကိုသွားပါ။ Command Prompt ပော်လာရင် အောက်ပါအတိုင်း အစဉ်လိုက်လုပ်ဆောင်ပါ။
အကယ်၍ စက်တွင် HDD တစ်လုံးထက်ပိုနေပါက အဆင့်နှစ်တွင် အပြောင်းအလဲရှိနိုင်ပါသည်။
မသေချာပါက Diskpart ရိုက်ပြီး List Disk ရိုက်ကြည့်ပါ။ ၂ ခုထက်ပိုနေပါက FAT32 ဖြင့် Usb Stick Storage Size အတိုင်းရှိနေသော Disk ကိုရွေးရပါမည်။ ကျန်သည့် အဆင့်အားလုံး တူညီပါသည်။

1. diskpart
2. select disk 1
3. clean
4. create partition primary
5. select partition 1
6. active
7. format fs=fat32
8. assign
9. exit

Diskpart

Exit ရိုက်ပြီးရင် Diskpart ကနေထွက်သွာပြီး Command Prompt ပြန်ရောက်လာပါလိမ့်မယ်။
Windows Key + E (My Computer/ Explorer) ကိုခော်ပါ။
DVD အခွေရဲ့ Drive Letter နဲ့ USB Stick ရဲ့ Drive Letter ကိုမှတ်ထားပါ။
ဥပမာ DVD=E:\ USB Stick=F:\
xcopy e:\*.* /s/e/f f:\

Copy
ဖိုင်များကို Copy ကူးနေသည်ကို မြင်တွေ့ရပါမည်။
ဖိုင်များကူးခြင်း ပြီးဆုံးပါက USB Stick ကို Safe and Remove ပြုလုပ်က ပြန်လည်ဖြုတ်ယူပြီး
Windows Vista တင်မည့်စက်တွင် တပ်ဆင်ပါ။
စက်ကို ပါဝါဖွင့်ပါ။
Bios သို့ဝင်ရန် / Boot Setup သို့ဝင်ရန် ပေးထားသည့် Key တစ်ကိုနှိပ်ပါ။
ဥပမာ Gateway တွင် BIOS အတွက် F2, Boot Setup အတွက် F10
အများအားဖြင့် Bios သို့ဝင်ရန်မှာ DELETE Key ဖြစ်တတ်ပါသည်။ မည်သည့် Key နှိပ်ရမည်ကို စက်ဖွင့်ဖွင့်ခြင်း Screen အောက်ခြေတွင် ပြသထားတတ်ပါသည်။

BIOS Setting တွင်ပြုပြင်မည်ဆိုပါက
Boot Sequence ကိုရှာပါ။
Sorting စီထားသော List တွင် Usb Storage / USB ကို (First Drive USB) အပော်ဆုံးရောက်အောင်ပြောင်းလဲပေးပါ။
F10 နှိပ်ပြီးသိမ်းဆည်းပါ။
နောက်တစ်ကြိမ်စက်ဖွင့်ပါက USB Disk မှ Vista Setup တက်လာပါလိမ့်မည်။
Windows Setup ပြုလုပ်ပြီးပါက နောက်တစ်ကြိမ်တွင် BIOS Setting အား မူလအခြေအနေ (First Drive HDD)သို့ ပြန်လည်ပြောင်းလဲပေးရန်လိုအပ်ပါသည်။

Boot Setup ဖြင့်အသုံးပြုပါက
သတ်မှတ်ထားသော Key ကိုနှိပ်လျှင် CD/DVD , USB, Network, HDD စသဖြင့် ပော်လာပါမည်။
USB ကိုရွေးပြီး Enter နှိပ်ရုံဖြင့် USB မှ Vista Setup တက်လာပါမည်။

DVD အခွေမှ Windows တင်သကဲ့သို့ပင်ဆက်လက် Installation လုပ်ဆောင်သွားနိုင်ပါသည်။

Gmail ကို Command Line ကနေ Check လုပ်နည်း

•September 23, 2009 • 1 Comment

Gmail ကို Check လုပ်ဖို့ Browser တွေဖွင့်ပြီး Login Page ခော်ပြီး Password ရိုက်ထည့်ရတဲ့ အဆင့်တွေ အမြဲတမ်းလုပ်နေရတာ ငြီးငွေ့နေပြီလား။

Web Upd8

ကနေလုပ်ပေးထားပါတယ်၊

Check Gmail From Command Line [ Linux & Mac OS X ]

တဲ့ Gmail ကို CLI Mode ကနေ Check လုပ်တာပါ၊  New Mail ဘယ်နှစ်စောင်ရှိလဲ စစ်ဖို့ အမြန်ဆုံး နည်းလမ်းပါပဲ။

curl -u username --silent "https://mail.google.com/mail/feed/atom" | perl -ne 'print "\t" if /<name>/; print "$2\n" if /<(title|name)>(.*)<\/\1>/;'

အဲဒီမှာ USER Name နေရာမှာ Gmail အကောင့်ထည့်ပေးရုံပါပဲ၊ ပြီးရင် Password တောင်းပါတယ်၊ ပြီးတာနဲ့ Inbox Status ကိုပြပါတယ်၊ မြန်လဲမြန် လွယ်လဲလွယ်တဲ့နည်းပါပဲ။

နောက်တရက်လောက်နေလို့အားရင် Script ဖိုင်အနေနဲ့ တင်ပေးပါ့မယ်၊ ဖိုင်ကိုခော်ရုံနဲ့ inbox Status ပြအောင်ရယ် Username Password ထည့်ထားလို့ရအောင်ရယ် လုပ်နိုင်လိမ့်မယ် ထင်ပါတယ်၊

http://webupd8.blogspot.com/2009/09/quick-tip-check-gmail-from-command-line.html

Ubuntu OS CD

•September 14, 2009 • Leave a Comment

Ubuntu 9.10 Alpha 5 မှာ Wubi အသုံးပြု၍ အဆင်မပြေနိုင်သေးကြောင်း စမ်းသပ်သိရှိပါသဖြင့် Ubuntu 9.10 အစား Ubuntu 9.04 နှင့် Software (APT) များအား Update ပြုလုပ်ထားသော Update CD နဲ့အစားထိုးပေးသွားပါမယ်။ အဲဒီအခွေနှစ်ခွေရှိရုံနဲ့ Ubuntu ကို Windows ပော်မှာ Software တင်တာထက် လွယ်ကူစွာတင်ပြီးသုံးသွားနိုင်မှာပါ။ Internet မရှိလဲ သုံးလို့ရမှာပါ။ Driver တွေ Audio & Video Code တွေတခါတည်း ပါဝင်ပါမယ်၊ နောက် Themes တွေကို Vista, XP, MAX OSX စတဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား Design တွေထည့်ပေးနိုင်ဖို့စီစဉ်နေပါတယ်။

Linux နဲ့ Ubuntu စာအုပ်ပေါင်း 80 လောက်လဲရှိပါတယ်။ List တော့မတင်တော့ပါဘူး၊ လိုအပ်ရင် လှမ်းမှာနိုင်ပါတယ်။

ပိုကောင်းမယ့်အကြံပေးချက်တွေကို စောင့်မျှော်လျှက်ပါ။

Free Linux CD Order

•September 11, 2009 • Leave a Comment

Karmic Koala Alpha 5 (Ubuntu) ubuntuအခွေကို  မဖြစ်စလောက် အခကြေးငွေနဲ့ Download ဆွဲလို့ရလို့ ဝမ်းသာအားရ Download ဆွဲထားတာရှိပါတယ်။ ကြိုတင်အသုံးပြုလိုသူများအား အခမဲ့ ပေးဝေသွားပါမယ်။

ရန်ကုန် Downtown 6 မြို့တွင်း အိမ်တိုင်ရာရောက်နဲ့ အခြားမြို့နယ်များမှလူများ နီးစပ်ရာ Downtown မြို့နယ်များရှိ Internet ဆိုင် တဆင့်လိပ်စာပေးခြင်းဖြင့် မှာယူနိုင်ပါတယ်။

မနဿတလေးကိုတော့ ဒီလ တတိယပတ်လောက် ပို့ပေးပါ့မယ်။ ရန်ကုန်လိုတော့ Door to Door မလုပ်ပေးနိုင်တော့ပါဘူး၊ Internet ဆိုင်မှာ သွားယူမယ်ဆိုရင်ဖြင့် လိပ်စာပေးပါမယ်။

အောက်က From လေးတော့ ဖြည့်ပြီး Email ပို့ပေးပါ။

မှတ်ချက်။    ။လျှောက်လွှာမဟုတ်ပါ။

မေးပို့တွင်ပါဝင်သော လိပ်စာမှန်ကန်ပါက အခွေပေးပို့သွားမည်သာဖြစ်ပါသည်။ လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်စွမ်းနိုင်ရန် ကြိုးစားခြင်းသာဖြစ်ပါသည်။

NGO မဟုတ်သလို အဖွဲ့အစည်းလည်းမဟုတ်ပါ။ တတ်နိုင်သမျှ ဒါနပြုခြင်းသာဖြစ်ပါသည်၊

Continue reading ‘Free Linux CD Order’

အခြေခံ Linux စာအုပ် ၄ အုပ်

•September 11, 2009 • Leave a Comment

http://webupd8.blogspot.com/ ကပေးထားတဲ့ Linux Beginner တွေအတွက် စာအုပ်လေးအုပ်ပါဗျာ။ ပြည့်ပြည့်စုံစုံရေးထားတဲ့ စာအုပ်တွေပဲဗျ၊ အခြေခံသမားတွေတင်မကဘူး အလှမ်းကျယ်ချင်ပြီး အလယ်လပ်သွားတဲ့ ကျွန်တော့်လိုလူတွေလဲ ပြန်ဖတ်နိုင်တာပေါ့ဗျာ၊

Here are 4 Linux books which are ideal for a beginner:

1. A Newbie’s Initiation To Linux – Download (1.90MB)
2. Introduction to Linux – A hands on guide – Download (1.52MB)
3. Ubuntu Pocket Guide and Reference – Download (2.13MB)
4. GNU/Linux Command−Line Tools Summary – Download (682.45KB)

Thanks to http://insanityville.com for posting these.

Slackware 13.0 Download

•September 11, 2009 • Leave a Comment

SlackwareSlackware 13.0 ကို Download မလုပ်ရသေးတာ အခုမှသတိရပါတယ်။ Ubuntu နဲ့ Backtrack လောက်ပဲသုံးနေတော့ ကျန်တာတွေတောင် မစမ်းဖြစ်တာကြာပါပြီ။

Slackware 12.2 ကနေ ပိုမိုကောင်းမွန်လာတဲ့အချက်တွေပြောပါ့မယ်။ အခုဆိုရင် KDE 4.2.4  နဲ့ Xfce 4.6.1 ကို သုံးထားပါတယ်။ Compression ပိုမိုကောင်းမွန်းလာဖို့ Package တွေကို Format အသစ်အနေနဲ့ txz Format အသုံးပြုထားပါတယ်။ 64 bit  x86_64 ကို Supporting လုပ်ပါတယ်။ Linux Kernel 2.6.29.6 သုံးပါတယ် ။ SCSI , ATA RAID, SATA, Software RAID, LVM (Logical Volume Manager) နဲ့ File တွေလုံခြုံရေးအတွက် Encrypted Filesystem လဲပါဝင်ပါတယ်။ Kernel မှာတင် X DRI (Direct Rendering Interface) ပါပြီး Hardware နိုင်ရင်နိုင်သလို 3D ကို Supporting လုပ်ပြီးသားပါတဲ့၊ ဒါတွေကတော့ သူ့ဆိုက်က Announcement လုပ်တာပါ။ စမ်းကြည့်ဖို့တော့လိုလိမ့်မယ်။

SlackwarePhoto@ wikipedia

XP မှာတော့ SATA RAID တွေအတွက် Driver ကိုသပ်သပ်သွင်းနေရတာ စိတ်ပျက်စရာပါ၊ Floppy လေးရှိမှ အဆင်ပြေပါတယ်။ nero က nLite  လေးရှိလို့ Driver တွေ ပေါင်းထည့်ရတာ အဆင်ပြေပေမယ့် Beginner တွေအတွက်တော့ မလွယ်ကူလှပါဘူး။ Driver တွေမှားထည့်မိရင် ဒါမှမဟုတ်ရင် နောက်မှထည့်ရမှာကို လောပြီး Windows တင်ကတည်းကထည့်ပေးမိရင် Windows ပြန်ပြန်ပြုတ်ကျပါတယ်။ (လောဘကြီးပြီး ကိုယ်တိုင်စမ်းကြည့်ဘူးတယ်)။ Vista မှာတောင် RAID Driver တွေ သွင်းဖို့ Memory Stick လောက်တော့ ဆောင်ထားရပါသေးတယ်။ ကျွန်တော် 2003 Server တင်ထားတဲ့ DELL Server စက်ကို Ubuntu ထပ်ပြီး Dual တင်တော့ ဘာ Driver မှမတောင်းလို့ သူငယ်ချင်းတယောက်က အံ့သြောနေပါတယ်။ ဘယ် Windows OS တင်တင် Driver Floppy လိုတာပဲတဲ့ Linux ရဲ့ Ubuntu Distro နဲ့မှ မတောင်းဘူးဆိုပြီးတော့ပေါ့၊

txz Format ဆိုတာကတော့ tar.xz ကို အတိုချုံခော်တာပါ။ Tape Archive ကို LZMA2 လို့ခော်တဲ့ Lempel-Ziv-Markov chain Alogrithm နဲ့ ချုံ့ထားတာပါ။

နှိုင်းယှဉ်ကြည့်ရအောင်

KDE ကတော့ 1-09-2009 မှာ 4.3  Stable ထွက်ရှိထားပါတယ်။

Xfce ကတော့ Slackware သုံးထားတဲ့ 4.6.1 ကနောက်ဆုံးထုတ်တဲ့ Version ပါပဲ။

Kernel ကအခုလက်ရှိ 9-9-2009 ကတော့ 2.31 ထွက်ထားပါတယ်။

ကဲ ကိုးနတ်ရှင် ကောင်းလို့ မမယ် ဆွဲမယ်ဆိုရင်တော့

  1. Mirror # 1
  2. Offical FTP site [ MPT မရပါ Bagan မသေချာပါ :)]
  3. List of mirror websites

Ubuntu Update Reboot ချစရာမလို (Ksplice Uptrack)

•September 3, 2009 • 1 Comment

ကျွန်တော် Services ပေးနေတဲ့ Internet ဆိုင်တိုင်းကို Ubuntu ကိုသုံးပြီး Squid (Proxy/Cache), Apache (Local Web), DNS, Iptable (Fireware) ထိုင်ပါတယ်။

ခက်တာက Software/Driver/Kernel အသစ်ထွက်ရင် နေ့လည်ဘက်တွေ Upgrade မလုပ်ရဲပါဘူး။ Upgrade လုပ်ပြီးတာနဲ့ Restart တန်းတောင်းတော့တာကိုးဗျ။ ဆိုင်ထဲမှာသုံးနေတဲ့လူတွေ တို့လို့တန်းလန်းနဲ့ စိတ်ပျက်သွားမှာပေါ့။ Download လုပ်တော့ နှေး ပြီးတော့ Restart ချတော့ လိုင်းကကျ အကုန်ထပြန်ကုန်မယ်။ Upgrade လုပ်ပြီး Restart မချရင်လဲ နောက်မှ Restart ချ Reboot လုပ်ရင် Configuration တွေက မမှန်တော့ဘူး စက်ကကြောင်ချင်တယ်။ ဒါက Internet ဆိုင်ပဲရှိသေးတယ်။ World Wide Web မှာက Web Server တွေဆိုရင် … Upgrade မလုပ်ရင်လည်း Securoty Flow ကပေါက်နေမှာ။ Upgrade လုပ်ရင်လည်း အနည်းဆုံးတော့ နာရီဝက်လောက် Down မယ်။ လေယာဉ်လက်မှတ်ရောင်းတဲ့ Services ပေးထားတဲ့ Server လိုဟာမျိုးဆိုရင် သေပြီ။

တီလေးရေ အဆင်ပြေသွား….. B

ခုပုံအတိုင်းကတော့ ကမ္ဘာအနှံ့က linux server တွေ security update လုပ်ကြတော့မှာကြောင့် ဆိုက်တွေအတော်များများတော့ ခဏရပ်ကုန်ကြတော့မယ်ထင်ပါတယ်။ တောက်လျှောက် run နေတဲ့ server လိုစက်တွေရဲ့ OS ကို update လုပ်ဖို့ဆိုတာ စက်ကိုခဏရပ်ပြီး restart လုပ်ဖို့ကတော့ သေချာပေါက်ပဲ မဟုတ်လား။

ကဲအခုတော့ အဆင်ပြေသွားပြီ။ http://www.ksplice.com ကနေထုတ်လုပ်တဲ့ Ksplice Uptrack ဟာဆိုရင်ဖြင့် Reboot လုပ်စရာမလိုပဲ Upgrade / Install / Uninstall လုပ်နိုင်အောင် သင့်ကိုကူညီပါလိမ့်မယ်။

Uptrack Alert

Uptrack Alert

Uptrack-Manager

Uptrack-Manager

Uptrack Loading Progress

Uptrack Loading Progress

Uptrack Install

Uptrack Install

Uptrack Normal Status

Uptrack Normal Status

Manual Download လုပ်ယူလိုပါက

http://www.ksplice.com/uptrack/dist/ksplice-uptrack.deb

apt အတွက် Source List ရယူလိုပါက

http://www.ksplice.com/uptrack/key မှာတောင်းခံပါ။

ရရှိတဲ့ Key ကို အသုံးပြုပြီး apt မှာသွင်းရန်

deb http://www.ksplice.com/apt jaunty ksplice
deb-src http://www.ksplice.com/apt jaunty ksplice

sudo အကောင့်ကို အသုံးပြုပါ။

wget -N https://www.ksplice.com/apt/ksplice-archive.asc
apt-key add ksplice-archive.asc
aptitude update
aptitude install uptrack

Install လုပ်ပြီး Configuration ပြုပြင်ရန်

(Ubuntu-desktop)

sudo gedit /etc/uptrack/uptrack.conf

(Ubuntu-Server)

sudo vi /etc/uptrack/uptrack.conf

အလိုအလျှောက် install ပြုလုပ်စေလိုပါက

autoinstall = yes

Source List for uptrack

/etc/apt/sources.list.d/ksplice.list

with

deb http://www.ksplice.com/apt jaunty ksplice
deb-src http://www.ksplice.com/apt jaunty ksplice

အသုံးပြုရန် Command များ

uptrack-upgrade

Install လုပ်ထားသော Software များအား Upgrade လုပ်ရန်အသုံးပြုသည်။

uptrack-remove id

Uninstall လုပ်လိုသော Software ကို ID နေရာတွင်အသုံးပြုပါ။ သွင်းထားသော Software အကုန် Uninstall လုပ်လိုပါက –all ကို အသုံးပြုပါရန်။

uptrack-install id

Installs ပြုလုပ်လိုသော Update ပြုလုပ်လိုသော Software ကို ID နေရာတွင်ထည့်သွင်းပါ။
uptrack-show

လက်ရှ အသုံးပြုထားသော Software များ၏ Upgrade ပြုလုပ်ရန်လိုအပ်မှုအခြေအနေကြည့်ရှုရန်။