Slackware 13.0 Download

SlackwareSlackware 13.0 ကို Download မလုပ်ရသေးတာ အခုမှသတိရပါတယ်။ Ubuntu နဲ့ Backtrack လောက်ပဲသုံးနေတော့ ကျန်တာတွေတောင် မစမ်းဖြစ်တာကြာပါပြီ။

Slackware 12.2 ကနေ ပိုမိုကောင်းမွန်လာတဲ့အချက်တွေပြောပါ့မယ်။ အခုဆိုရင် KDE 4.2.4  နဲ့ Xfce 4.6.1 ကို သုံးထားပါတယ်။ Compression ပိုမိုကောင်းမွန်းလာဖို့ Package တွေကို Format အသစ်အနေနဲ့ txz Format အသုံးပြုထားပါတယ်။ 64 bit  x86_64 ကို Supporting လုပ်ပါတယ်။ Linux Kernel 2.6.29.6 သုံးပါတယ် ။ SCSI , ATA RAID, SATA, Software RAID, LVM (Logical Volume Manager) နဲ့ File တွေလုံခြုံရေးအတွက် Encrypted Filesystem လဲပါဝင်ပါတယ်။ Kernel မှာတင် X DRI (Direct Rendering Interface) ပါပြီး Hardware နိုင်ရင်နိုင်သလို 3D ကို Supporting လုပ်ပြီးသားပါတဲ့၊ ဒါတွေကတော့ သူ့ဆိုက်က Announcement လုပ်တာပါ။ စမ်းကြည့်ဖို့တော့လိုလိမ့်မယ်။

SlackwarePhoto@ wikipedia

XP မှာတော့ SATA RAID တွေအတွက် Driver ကိုသပ်သပ်သွင်းနေရတာ စိတ်ပျက်စရာပါ၊ Floppy လေးရှိမှ အဆင်ပြေပါတယ်။ nero က nLite  လေးရှိလို့ Driver တွေ ပေါင်းထည့်ရတာ အဆင်ပြေပေမယ့် Beginner တွေအတွက်တော့ မလွယ်ကူလှပါဘူး။ Driver တွေမှားထည့်မိရင် ဒါမှမဟုတ်ရင် နောက်မှထည့်ရမှာကို လောပြီး Windows တင်ကတည်းကထည့်ပေးမိရင် Windows ပြန်ပြန်ပြုတ်ကျပါတယ်။ (လောဘကြီးပြီး ကိုယ်တိုင်စမ်းကြည့်ဘူးတယ်)။ Vista မှာတောင် RAID Driver တွေ သွင်းဖို့ Memory Stick လောက်တော့ ဆောင်ထားရပါသေးတယ်။ ကျွန်တော် 2003 Server တင်ထားတဲ့ DELL Server စက်ကို Ubuntu ထပ်ပြီး Dual တင်တော့ ဘာ Driver မှမတောင်းလို့ သူငယ်ချင်းတယောက်က အံ့သြောနေပါတယ်။ ဘယ် Windows OS တင်တင် Driver Floppy လိုတာပဲတဲ့ Linux ရဲ့ Ubuntu Distro နဲ့မှ မတောင်းဘူးဆိုပြီးတော့ပေါ့၊

txz Format ဆိုတာကတော့ tar.xz ကို အတိုချုံခော်တာပါ။ Tape Archive ကို LZMA2 လို့ခော်တဲ့ Lempel-Ziv-Markov chain Alogrithm နဲ့ ချုံ့ထားတာပါ။

နှိုင်းယှဉ်ကြည့်ရအောင်

KDE ကတော့ 1-09-2009 မှာ 4.3  Stable ထွက်ရှိထားပါတယ်။

Xfce ကတော့ Slackware သုံးထားတဲ့ 4.6.1 ကနောက်ဆုံးထုတ်တဲ့ Version ပါပဲ။

Kernel ကအခုလက်ရှိ 9-9-2009 ကတော့ 2.31 ထွက်ထားပါတယ်။

ကဲ ကိုးနတ်ရှင် ကောင်းလို့ မမယ် ဆွဲမယ်ဆိုရင်တော့

  1. Mirror # 1
  2. Offical FTP site [ MPT မရပါ Bagan မသေချာပါ :)]
  3. List of mirror websites
Advertisements

~ by Ko Ko Ye` on September 11, 2009.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: