Vista ကို USB Stick ကနေတင်ရအောင်

Windows တင်ခါနီးရင် ကျွန်တော့်အသိတွေက အခွေဘယ်လောက်ပဲ ပေးထားပေးထား ကျွန်တော့်ကိုပဲ လာလာတင်ခိုင်းတတ်ကြပါတယ်။
Desktop Computer တေဿွမှာ Rom မကောင်းရင် တခြားစက်က DVD Rom ဖြုတ်လဲပြီး Windows တင်တာ Software တင်တာလုပ်လို့ရပါတယ်။ Laptop ဆိုရင်ကော External DVD Rom တွေ Combo တွေရှိတော့ရှိပါရဲ့ အဆင်မပြေပါဘူး။ Software တင်ရင် သိပ်ကိစဿစမရှိပေမယ့် Windows တော့တင်လို့မရတာ တင်ရင်းတန်းလန်း ရပ်သွားတာတွေဖြစ်တတ်ပါတယ်။
Windows Vista ဆိုရင်တော့ Mocrosoft က USB Drive လေးတွေထဲမှာ Vista ထည့်ပြီးရောင်းပါတယ်။ Stick လေးဝယ်ပြီးတော့ Vista တင်လိုက်ရုံပါပဲ။ မြန်မာပြည်တော့ ရောက်လာတာမတွေ့မိဘူးဗျ။
အေးလေ ရောက်လာလဲ $700 လောက်ပေးပြီး ဘယ်သူဝယ်မတုန်း ?

ကဲဒီတော့ ကိုယ်ပိုင် USB လေးတစ်ခုနဲ့ Vista Install လုပ်နိုင်ဖို့ပြင်ဆင်ကြည့်ရအောင်
လိုအပ်ချက်

Vista သွင်းမယ့် Desktop / Laptop မှာ
Vista သွင်းနိုင်တဲ့ Motherboard နဲ့ CPU ဖြစ်မဖြစ်အရင်စစ်ဆေးပါ၊
HDD 8 GB နှင့်အထက်
Memory Ram 1 GB နှင့်အထက်
USB ကနေ Boot လုပ်နိုင်ရပါမယ်
(Vista တင်နိုင်တဲ့ Board တိုင်းမှာတော့ USB Boot ကို Support လုပ်ပါတယ်၊ USB ကနေ Boot တက်နိုင်တဲ့ Board တိုင်း Vista ကို Support မလုပ်ပါ)

(Vista တင်မယ့်စက်မှာ အောက်ဖော်ပြပါစာရင်း မရှိလဲ ရပါတယ်။ အခြားစက်မှာ ပြုလုပ်နိုင်ပါတယ်)
USB Stick 4 GB
Vista Install DVD
DVD Rom

အဲတာတွေ ပြည့်စုံပြီဆိုရင်တော့
Vista Install Setup DVD ခွေကို DVD Rom ထဲထည့်ထားပါ။
USB Stick က Data တွေတခြားနေရာမှာ သိမ်းဆည်းပါ။ (Format ချမှာဖြစ်တဲ့အတွက် Data တေဿွအကုန်ပျက်ကုန်မှာဖြစ်ပါတယ်။)

ပြီးရင် Windows Key + R (Run Box) => cmd (Command Prompt)
ကိုသွားပါ။ Command Prompt ပော်လာရင် အောက်ပါအတိုင်း အစဉ်လိုက်လုပ်ဆောင်ပါ။
အကယ်၍ စက်တွင် HDD တစ်လုံးထက်ပိုနေပါက အဆင့်နှစ်တွင် အပြောင်းအလဲရှိနိုင်ပါသည်။
မသေချာပါက Diskpart ရိုက်ပြီး List Disk ရိုက်ကြည့်ပါ။ ၂ ခုထက်ပိုနေပါက FAT32 ဖြင့် Usb Stick Storage Size အတိုင်းရှိနေသော Disk ကိုရွေးရပါမည်။ ကျန်သည့် အဆင့်အားလုံး တူညီပါသည်။

1. diskpart
2. select disk 1
3. clean
4. create partition primary
5. select partition 1
6. active
7. format fs=fat32
8. assign
9. exit

Diskpart

Exit ရိုက်ပြီးရင် Diskpart ကနေထွက်သွာပြီး Command Prompt ပြန်ရောက်လာပါလိမ့်မယ်။
Windows Key + E (My Computer/ Explorer) ကိုခော်ပါ။
DVD အခွေရဲ့ Drive Letter နဲ့ USB Stick ရဲ့ Drive Letter ကိုမှတ်ထားပါ။
ဥပမာ DVD=E:\ USB Stick=F:\
xcopy e:\*.* /s/e/f f:\

Copy
ဖိုင်များကို Copy ကူးနေသည်ကို မြင်တွေ့ရပါမည်။
ဖိုင်များကူးခြင်း ပြီးဆုံးပါက USB Stick ကို Safe and Remove ပြုလုပ်က ပြန်လည်ဖြုတ်ယူပြီး
Windows Vista တင်မည့်စက်တွင် တပ်ဆင်ပါ။
စက်ကို ပါဝါဖွင့်ပါ။
Bios သို့ဝင်ရန် / Boot Setup သို့ဝင်ရန် ပေးထားသည့် Key တစ်ကိုနှိပ်ပါ။
ဥပမာ Gateway တွင် BIOS အတွက် F2, Boot Setup အတွက် F10
အများအားဖြင့် Bios သို့ဝင်ရန်မှာ DELETE Key ဖြစ်တတ်ပါသည်။ မည်သည့် Key နှိပ်ရမည်ကို စက်ဖွင့်ဖွင့်ခြင်း Screen အောက်ခြေတွင် ပြသထားတတ်ပါသည်။

BIOS Setting တွင်ပြုပြင်မည်ဆိုပါက
Boot Sequence ကိုရှာပါ။
Sorting စီထားသော List တွင် Usb Storage / USB ကို (First Drive USB) အပော်ဆုံးရောက်အောင်ပြောင်းလဲပေးပါ။
F10 နှိပ်ပြီးသိမ်းဆည်းပါ။
နောက်တစ်ကြိမ်စက်ဖွင့်ပါက USB Disk မှ Vista Setup တက်လာပါလိမ့်မည်။
Windows Setup ပြုလုပ်ပြီးပါက နောက်တစ်ကြိမ်တွင် BIOS Setting အား မူလအခြေအနေ (First Drive HDD)သို့ ပြန်လည်ပြောင်းလဲပေးရန်လိုအပ်ပါသည်။

Boot Setup ဖြင့်အသုံးပြုပါက
သတ်မှတ်ထားသော Key ကိုနှိပ်လျှင် CD/DVD , USB, Network, HDD စသဖြင့် ပော်လာပါမည်။
USB ကိုရွေးပြီး Enter နှိပ်ရုံဖြင့် USB မှ Vista Setup တက်လာပါမည်။

DVD အခွေမှ Windows တင်သကဲ့သို့ပင်ဆက်လက် Installation လုပ်ဆောင်သွားနိုင်ပါသည်။

Advertisements

~ by Ko Ko Ye` on September 25, 2009.

2 Responses to “Vista ကို USB Stick ကနေတင်ရအောင်”

  1. တခြား Windows ကို ရော USB ကနေ တင်လို့ ရလား

  2. ရပါတယ်ခင်ဗျာ
    စာပြန်တာနောက်ကျတာ ခွင့်လွှတ်ပါ။
    ဘယ် Windows / OS လဲ ပြောပြပါလားဗျာ
    သေသေချာချာ အကုန်လုံးအတွက်တော့ ထပ်ရေးပေးပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: