#Rakhine #Myanmar at #Terrorists #Bengali #Attack and #Shameful say #Genocide

•August 28, 2017 • 1 Comment
sorry, my blog  for tech and travel, but now Rakhine Ethnics is die in Rakhine State.

How they make #Propaganda with fake news
#Bengali so called #Rohingya at #Rakhine State, Myanmar

 

DITTUHTUwAAUtsQ

here at real news.
https://coconuts.co/yangon/news/daily-mail-removes-article-falsely-claiming-tortured-cambodian-toddler-rohingya/amp/

It’s very first day in 2017 aug 24.  attack to 30 of police security station.  12 people is dead, 2nd day 120  or more ethnics is dead, because of #Terrorists #Bengali so call #Rohingya

Now Rakhine state at ethnics #Rakhine is homeless and fear.

Because of recent attacked, carried out by extremist Bengali insurgents, 400 over primary and secondary schools are forced to shut down in the area of Maungdaw, Buthidaung and Yathataung. U Aung Kyaw Htun, Rakhine State Education Director Office told Narinjira News Agency on August 25, 2017. Bengali insurgents also attacked Nanthartaung School where 370 students were hiding, according to the latest news.
21034545_481798678844060_498494998303379837_n

 

here at some embassy statement

 

our Myanmar government statement

here at #Propaganda list

Vista ကို USB Stick ကနေတင်ရအောင်

•September 25, 2009 • 3 Comments

Windows တင်ခါနီးရင် ကျွန်တော့်အသိတွေက အခွေဘယ်လောက်ပဲ ပေးထားပေးထား ကျွန်တော့်ကိုပဲ လာလာတင်ခိုင်းတတ်ကြပါတယ်။
Desktop Computer တေဿွမှာ Rom မကောင်းရင် တခြားစက်က DVD Rom ဖြုတ်လဲပြီး Windows တင်တာ Software တင်တာလုပ်လို့ရပါတယ်။ Laptop ဆိုရင်ကော External DVD Rom တွေ Combo တွေရှိတော့ရှိပါရဲ့ အဆင်မပြေပါဘူး။ Software တင်ရင် သိပ်ကိစဿစမရှိပေမယ့် Windows တော့တင်လို့မရတာ တင်ရင်းတန်းလန်း ရပ်သွားတာတွေဖြစ်တတ်ပါတယ်။
Windows Vista ဆိုရင်တော့ Mocrosoft က USB Drive လေးတွေထဲမှာ Vista ထည့်ပြီးရောင်းပါတယ်။ Stick လေးဝယ်ပြီးတော့ Vista တင်လိုက်ရုံပါပဲ။ မြန်မာပြည်တော့ ရောက်လာတာမတွေ့မိဘူးဗျ။
အေးလေ ရောက်လာလဲ $700 လောက်ပေးပြီး ဘယ်သူဝယ်မတုန်း ?

ကဲဒီတော့ ကိုယ်ပိုင် USB လေးတစ်ခုနဲ့ Vista Install လုပ်နိုင်ဖို့ပြင်ဆင်ကြည့်ရအောင်
လိုအပ်ချက်

Vista သွင်းမယ့် Desktop / Laptop မှာ
Vista သွင်းနိုင်တဲ့ Motherboard နဲ့ CPU ဖြစ်မဖြစ်အရင်စစ်ဆေးပါ၊
HDD 8 GB နှင့်အထက်
Memory Ram 1 GB နှင့်အထက်
USB ကနေ Boot လုပ်နိုင်ရပါမယ်
(Vista တင်နိုင်တဲ့ Board တိုင်းမှာတော့ USB Boot ကို Support လုပ်ပါတယ်၊ USB ကနေ Boot တက်နိုင်တဲ့ Board တိုင်း Vista ကို Support မလုပ်ပါ)

(Vista တင်မယ့်စက်မှာ အောက်ဖော်ပြပါစာရင်း မရှိလဲ ရပါတယ်။ အခြားစက်မှာ ပြုလုပ်နိုင်ပါတယ်)
USB Stick 4 GB
Vista Install DVD
DVD Rom

အဲတာတွေ ပြည့်စုံပြီဆိုရင်တော့
Vista Install Setup DVD ခွေကို DVD Rom ထဲထည့်ထားပါ။
USB Stick က Data တွေတခြားနေရာမှာ သိမ်းဆည်းပါ။ (Format ချမှာဖြစ်တဲ့အတွက် Data တေဿွအကုန်ပျက်ကုန်မှာဖြစ်ပါတယ်။)

ပြီးရင် Windows Key + R (Run Box) => cmd (Command Prompt)
ကိုသွားပါ။ Command Prompt ပော်လာရင် အောက်ပါအတိုင်း အစဉ်လိုက်လုပ်ဆောင်ပါ။
အကယ်၍ စက်တွင် HDD တစ်လုံးထက်ပိုနေပါက အဆင့်နှစ်တွင် အပြောင်းအလဲရှိနိုင်ပါသည်။
မသေချာပါက Diskpart ရိုက်ပြီး List Disk ရိုက်ကြည့်ပါ။ ၂ ခုထက်ပိုနေပါက FAT32 ဖြင့် Usb Stick Storage Size အတိုင်းရှိနေသော Disk ကိုရွေးရပါမည်။ ကျန်သည့် အဆင့်အားလုံး တူညီပါသည်။

1. diskpart
2. select disk 1
3. clean
4. create partition primary
5. select partition 1
6. active
7. format fs=fat32
8. assign
9. exit

Diskpart

Exit ရိုက်ပြီးရင် Diskpart ကနေထွက်သွာပြီး Command Prompt ပြန်ရောက်လာပါလိမ့်မယ်။
Windows Key + E (My Computer/ Explorer) ကိုခော်ပါ။
DVD အခွေရဲ့ Drive Letter နဲ့ USB Stick ရဲ့ Drive Letter ကိုမှတ်ထားပါ။
ဥပမာ DVD=E:\ USB Stick=F:\
xcopy e:\*.* /s/e/f f:\

Copy
ဖိုင်များကို Copy ကူးနေသည်ကို မြင်တွေ့ရပါမည်။
ဖိုင်များကူးခြင်း ပြီးဆုံးပါက USB Stick ကို Safe and Remove ပြုလုပ်က ပြန်လည်ဖြုတ်ယူပြီး
Windows Vista တင်မည့်စက်တွင် တပ်ဆင်ပါ။
စက်ကို ပါဝါဖွင့်ပါ။
Bios သို့ဝင်ရန် / Boot Setup သို့ဝင်ရန် ပေးထားသည့် Key တစ်ကိုနှိပ်ပါ။
ဥပမာ Gateway တွင် BIOS အတွက် F2, Boot Setup အတွက် F10
အများအားဖြင့် Bios သို့ဝင်ရန်မှာ DELETE Key ဖြစ်တတ်ပါသည်။ မည်သည့် Key နှိပ်ရမည်ကို စက်ဖွင့်ဖွင့်ခြင်း Screen အောက်ခြေတွင် ပြသထားတတ်ပါသည်။

BIOS Setting တွင်ပြုပြင်မည်ဆိုပါက
Boot Sequence ကိုရှာပါ။
Sorting စီထားသော List တွင် Usb Storage / USB ကို (First Drive USB) အပော်ဆုံးရောက်အောင်ပြောင်းလဲပေးပါ။
F10 နှိပ်ပြီးသိမ်းဆည်းပါ။
နောက်တစ်ကြိမ်စက်ဖွင့်ပါက USB Disk မှ Vista Setup တက်လာပါလိမ့်မည်။
Windows Setup ပြုလုပ်ပြီးပါက နောက်တစ်ကြိမ်တွင် BIOS Setting အား မူလအခြေအနေ (First Drive HDD)သို့ ပြန်လည်ပြောင်းလဲပေးရန်လိုအပ်ပါသည်။

Boot Setup ဖြင့်အသုံးပြုပါက
သတ်မှတ်ထားသော Key ကိုနှိပ်လျှင် CD/DVD , USB, Network, HDD စသဖြင့် ပော်လာပါမည်။
USB ကိုရွေးပြီး Enter နှိပ်ရုံဖြင့် USB မှ Vista Setup တက်လာပါမည်။

DVD အခွေမှ Windows တင်သကဲ့သို့ပင်ဆက်လက် Installation လုပ်ဆောင်သွားနိုင်ပါသည်။

Gmail ကို Command Line ကနေ Check လုပ်နည်း

•September 23, 2009 • 1 Comment

Gmail ကို Check လုပ်ဖို့ Browser တွေဖွင့်ပြီး Login Page ခော်ပြီး Password ရိုက်ထည့်ရတဲ့ အဆင့်တွေ အမြဲတမ်းလုပ်နေရတာ ငြီးငွေ့နေပြီလား။

Web Upd8

ကနေလုပ်ပေးထားပါတယ်၊

Check Gmail From Command Line [ Linux & Mac OS X ]

တဲ့ Gmail ကို CLI Mode ကနေ Check လုပ်တာပါ၊  New Mail ဘယ်နှစ်စောင်ရှိလဲ စစ်ဖို့ အမြန်ဆုံး နည်းလမ်းပါပဲ။

curl -u username --silent "https://mail.google.com/mail/feed/atom" | perl -ne 'print "\t" if /<name>/; print "$2\n" if /<(title|name)>(.*)<\/\1>/;'

အဲဒီမှာ USER Name နေရာမှာ Gmail အကောင့်ထည့်ပေးရုံပါပဲ၊ ပြီးရင် Password တောင်းပါတယ်၊ ပြီးတာနဲ့ Inbox Status ကိုပြပါတယ်၊ မြန်လဲမြန် လွယ်လဲလွယ်တဲ့နည်းပါပဲ။

နောက်တရက်လောက်နေလို့အားရင် Script ဖိုင်အနေနဲ့ တင်ပေးပါ့မယ်၊ ဖိုင်ကိုခော်ရုံနဲ့ inbox Status ပြအောင်ရယ် Username Password ထည့်ထားလို့ရအောင်ရယ် လုပ်နိုင်လိမ့်မယ် ထင်ပါတယ်၊

http://webupd8.blogspot.com/2009/09/quick-tip-check-gmail-from-command-line.html

Ubuntu OS CD

•September 14, 2009 • Leave a Comment

Ubuntu 9.10 Alpha 5 မှာ Wubi အသုံးပြု၍ အဆင်မပြေနိုင်သေးကြောင်း စမ်းသပ်သိရှိပါသဖြင့် Ubuntu 9.10 အစား Ubuntu 9.04 နှင့် Software (APT) များအား Update ပြုလုပ်ထားသော Update CD နဲ့အစားထိုးပေးသွားပါမယ်။ အဲဒီအခွေနှစ်ခွေရှိရုံနဲ့ Ubuntu ကို Windows ပော်မှာ Software တင်တာထက် လွယ်ကူစွာတင်ပြီးသုံးသွားနိုင်မှာပါ။ Internet မရှိလဲ သုံးလို့ရမှာပါ။ Driver တွေ Audio & Video Code တွေတခါတည်း ပါဝင်ပါမယ်၊ နောက် Themes တွေကို Vista, XP, MAX OSX စတဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား Design တွေထည့်ပေးနိုင်ဖို့စီစဉ်နေပါတယ်။

Linux နဲ့ Ubuntu စာအုပ်ပေါင်း 80 လောက်လဲရှိပါတယ်။ List တော့မတင်တော့ပါဘူး၊ လိုအပ်ရင် လှမ်းမှာနိုင်ပါတယ်။

ပိုကောင်းမယ့်အကြံပေးချက်တွေကို စောင့်မျှော်လျှက်ပါ။

Free Linux CD Order

•September 11, 2009 • Leave a Comment

Karmic Koala Alpha 5 (Ubuntu) ubuntuအခွေကို  မဖြစ်စလောက် အခကြေးငွေနဲ့ Download ဆွဲလို့ရလို့ ဝမ်းသာအားရ Download ဆွဲထားတာရှိပါတယ်။ ကြိုတင်အသုံးပြုလိုသူများအား အခမဲ့ ပေးဝေသွားပါမယ်။

ရန်ကုန် Downtown 6 မြို့တွင်း အိမ်တိုင်ရာရောက်နဲ့ အခြားမြို့နယ်များမှလူများ နီးစပ်ရာ Downtown မြို့နယ်များရှိ Internet ဆိုင် တဆင့်လိပ်စာပေးခြင်းဖြင့် မှာယူနိုင်ပါတယ်။

မနဿတလေးကိုတော့ ဒီလ တတိယပတ်လောက် ပို့ပေးပါ့မယ်။ ရန်ကုန်လိုတော့ Door to Door မလုပ်ပေးနိုင်တော့ပါဘူး၊ Internet ဆိုင်မှာ သွားယူမယ်ဆိုရင်ဖြင့် လိပ်စာပေးပါမယ်။

အောက်က From လေးတော့ ဖြည့်ပြီး Email ပို့ပေးပါ။

မှတ်ချက်။    ။လျှောက်လွှာမဟုတ်ပါ။

မေးပို့တွင်ပါဝင်သော လိပ်စာမှန်ကန်ပါက အခွေပေးပို့သွားမည်သာဖြစ်ပါသည်။ လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်စွမ်းနိုင်ရန် ကြိုးစားခြင်းသာဖြစ်ပါသည်။

NGO မဟုတ်သလို အဖွဲ့အစည်းလည်းမဟုတ်ပါ။ တတ်နိုင်သမျှ ဒါနပြုခြင်းသာဖြစ်ပါသည်၊

Continue reading ‘Free Linux CD Order’

အခြေခံ Linux စာအုပ် ၄ အုပ်

•September 11, 2009 • Leave a Comment

http://webupd8.blogspot.com/ ကပေးထားတဲ့ Linux Beginner တွေအတွက် စာအုပ်လေးအုပ်ပါဗျာ။ ပြည့်ပြည့်စုံစုံရေးထားတဲ့ စာအုပ်တွေပဲဗျ၊ အခြေခံသမားတွေတင်မကဘူး အလှမ်းကျယ်ချင်ပြီး အလယ်လပ်သွားတဲ့ ကျွန်တော့်လိုလူတွေလဲ ပြန်ဖတ်နိုင်တာပေါ့ဗျာ၊

Here are 4 Linux books which are ideal for a beginner:

1. A Newbie’s Initiation To Linux – Download (1.90MB)
2. Introduction to Linux – A hands on guide – Download (1.52MB)
3. Ubuntu Pocket Guide and Reference – Download (2.13MB)
4. GNU/Linux Command−Line Tools Summary – Download (682.45KB)

Thanks to http://insanityville.com for posting these.

Slackware 13.0 Download

•September 11, 2009 • Leave a Comment

SlackwareSlackware 13.0 ကို Download မလုပ်ရသေးတာ အခုမှသတိရပါတယ်။ Ubuntu နဲ့ Backtrack လောက်ပဲသုံးနေတော့ ကျန်တာတွေတောင် မစမ်းဖြစ်တာကြာပါပြီ။

Slackware 12.2 ကနေ ပိုမိုကောင်းမွန်လာတဲ့အချက်တွေပြောပါ့မယ်။ အခုဆိုရင် KDE 4.2.4  နဲ့ Xfce 4.6.1 ကို သုံးထားပါတယ်။ Compression ပိုမိုကောင်းမွန်းလာဖို့ Package တွေကို Format အသစ်အနေနဲ့ txz Format အသုံးပြုထားပါတယ်။ 64 bit  x86_64 ကို Supporting လုပ်ပါတယ်။ Linux Kernel 2.6.29.6 သုံးပါတယ် ။ SCSI , ATA RAID, SATA, Software RAID, LVM (Logical Volume Manager) နဲ့ File တွေလုံခြုံရေးအတွက် Encrypted Filesystem လဲပါဝင်ပါတယ်။ Kernel မှာတင် X DRI (Direct Rendering Interface) ပါပြီး Hardware နိုင်ရင်နိုင်သလို 3D ကို Supporting လုပ်ပြီးသားပါတဲ့၊ ဒါတွေကတော့ သူ့ဆိုက်က Announcement လုပ်တာပါ။ စမ်းကြည့်ဖို့တော့လိုလိမ့်မယ်။

SlackwarePhoto@ wikipedia

XP မှာတော့ SATA RAID တွေအတွက် Driver ကိုသပ်သပ်သွင်းနေရတာ စိတ်ပျက်စရာပါ၊ Floppy လေးရှိမှ အဆင်ပြေပါတယ်။ nero က nLite  လေးရှိလို့ Driver တွေ ပေါင်းထည့်ရတာ အဆင်ပြေပေမယ့် Beginner တွေအတွက်တော့ မလွယ်ကူလှပါဘူး။ Driver တွေမှားထည့်မိရင် ဒါမှမဟုတ်ရင် နောက်မှထည့်ရမှာကို လောပြီး Windows တင်ကတည်းကထည့်ပေးမိရင် Windows ပြန်ပြန်ပြုတ်ကျပါတယ်။ (လောဘကြီးပြီး ကိုယ်တိုင်စမ်းကြည့်ဘူးတယ်)။ Vista မှာတောင် RAID Driver တွေ သွင်းဖို့ Memory Stick လောက်တော့ ဆောင်ထားရပါသေးတယ်။ ကျွန်တော် 2003 Server တင်ထားတဲ့ DELL Server စက်ကို Ubuntu ထပ်ပြီး Dual တင်တော့ ဘာ Driver မှမတောင်းလို့ သူငယ်ချင်းတယောက်က အံ့သြောနေပါတယ်။ ဘယ် Windows OS တင်တင် Driver Floppy လိုတာပဲတဲ့ Linux ရဲ့ Ubuntu Distro နဲ့မှ မတောင်းဘူးဆိုပြီးတော့ပေါ့၊

txz Format ဆိုတာကတော့ tar.xz ကို အတိုချုံခော်တာပါ။ Tape Archive ကို LZMA2 လို့ခော်တဲ့ Lempel-Ziv-Markov chain Alogrithm နဲ့ ချုံ့ထားတာပါ။

နှိုင်းယှဉ်ကြည့်ရအောင်

KDE ကတော့ 1-09-2009 မှာ 4.3  Stable ထွက်ရှိထားပါတယ်။

Xfce ကတော့ Slackware သုံးထားတဲ့ 4.6.1 ကနောက်ဆုံးထုတ်တဲ့ Version ပါပဲ။

Kernel ကအခုလက်ရှိ 9-9-2009 ကတော့ 2.31 ထွက်ထားပါတယ်။

ကဲ ကိုးနတ်ရှင် ကောင်းလို့ မမယ် ဆွဲမယ်ဆိုရင်တော့

  1. Mirror # 1
  2. Offical FTP site [ MPT မရပါ Bagan မသေချာပါ :)]
  3. List of mirror websites

Ubuntu Update Reboot ချစရာမလို (Ksplice Uptrack)

•September 3, 2009 • 1 Comment

ကျွန်တော် Services ပေးနေတဲ့ Internet ဆိုင်တိုင်းကို Ubuntu ကိုသုံးပြီး Squid (Proxy/Cache), Apache (Local Web), DNS, Iptable (Fireware) ထိုင်ပါတယ်။

ခက်တာက Software/Driver/Kernel အသစ်ထွက်ရင် နေ့လည်ဘက်တွေ Upgrade မလုပ်ရဲပါဘူး။ Upgrade လုပ်ပြီးတာနဲ့ Restart တန်းတောင်းတော့တာကိုးဗျ။ ဆိုင်ထဲမှာသုံးနေတဲ့လူတွေ တို့လို့တန်းလန်းနဲ့ စိတ်ပျက်သွားမှာပေါ့။ Download လုပ်တော့ နှေး ပြီးတော့ Restart ချတော့ လိုင်းကကျ အကုန်ထပြန်ကုန်မယ်။ Upgrade လုပ်ပြီး Restart မချရင်လဲ နောက်မှ Restart ချ Reboot လုပ်ရင် Configuration တွေက မမှန်တော့ဘူး စက်ကကြောင်ချင်တယ်။ ဒါက Internet ဆိုင်ပဲရှိသေးတယ်။ World Wide Web မှာက Web Server တွေဆိုရင် … Upgrade မလုပ်ရင်လည်း Securoty Flow ကပေါက်နေမှာ။ Upgrade လုပ်ရင်လည်း အနည်းဆုံးတော့ နာရီဝက်လောက် Down မယ်။ လေယာဉ်လက်မှတ်ရောင်းတဲ့ Services ပေးထားတဲ့ Server လိုဟာမျိုးဆိုရင် သေပြီ။

တီလေးရေ အဆင်ပြေသွား….. B

ခုပုံအတိုင်းကတော့ ကမ္ဘာအနှံ့က linux server တွေ security update လုပ်ကြတော့မှာကြောင့် ဆိုက်တွေအတော်များများတော့ ခဏရပ်ကုန်ကြတော့မယ်ထင်ပါတယ်။ တောက်လျှောက် run နေတဲ့ server လိုစက်တွေရဲ့ OS ကို update လုပ်ဖို့ဆိုတာ စက်ကိုခဏရပ်ပြီး restart လုပ်ဖို့ကတော့ သေချာပေါက်ပဲ မဟုတ်လား။

ကဲအခုတော့ အဆင်ပြေသွားပြီ။ http://www.ksplice.com ကနေထုတ်လုပ်တဲ့ Ksplice Uptrack ဟာဆိုရင်ဖြင့် Reboot လုပ်စရာမလိုပဲ Upgrade / Install / Uninstall လုပ်နိုင်အောင် သင့်ကိုကူညီပါလိမ့်မယ်။

Uptrack Alert

Uptrack Alert

Uptrack-Manager

Uptrack-Manager

Uptrack Loading Progress

Uptrack Loading Progress

Uptrack Install

Uptrack Install

Uptrack Normal Status

Uptrack Normal Status

Manual Download လုပ်ယူလိုပါက

http://www.ksplice.com/uptrack/dist/ksplice-uptrack.deb

apt အတွက် Source List ရယူလိုပါက

http://www.ksplice.com/uptrack/key မှာတောင်းခံပါ။

ရရှိတဲ့ Key ကို အသုံးပြုပြီး apt မှာသွင်းရန်

deb http://www.ksplice.com/apt jaunty ksplice
deb-src http://www.ksplice.com/apt jaunty ksplice

sudo အကောင့်ကို အသုံးပြုပါ။

wget -N https://www.ksplice.com/apt/ksplice-archive.asc
apt-key add ksplice-archive.asc
aptitude update
aptitude install uptrack

Install လုပ်ပြီး Configuration ပြုပြင်ရန်

(Ubuntu-desktop)

sudo gedit /etc/uptrack/uptrack.conf

(Ubuntu-Server)

sudo vi /etc/uptrack/uptrack.conf

အလိုအလျှောက် install ပြုလုပ်စေလိုပါက

autoinstall = yes

Source List for uptrack

/etc/apt/sources.list.d/ksplice.list

with

deb http://www.ksplice.com/apt jaunty ksplice
deb-src http://www.ksplice.com/apt jaunty ksplice

အသုံးပြုရန် Command များ

uptrack-upgrade

Install လုပ်ထားသော Software များအား Upgrade လုပ်ရန်အသုံးပြုသည်။

uptrack-remove id

Uninstall လုပ်လိုသော Software ကို ID နေရာတွင်အသုံးပြုပါ။ သွင်းထားသော Software အကုန် Uninstall လုပ်လိုပါက –all ကို အသုံးပြုပါရန်။

uptrack-install id

Installs ပြုလုပ်လိုသော Update ပြုလုပ်လိုသော Software ကို ID နေရာတွင်ထည့်သွင်းပါ။
uptrack-show

လက်ရှ အသုံးပြုထားသော Software များ၏ Upgrade ပြုလုပ်ရန်လိုအပ်မှုအခြေအနေကြည့်ရှုရန်။

Ubuntu မှာ Aspx .net Run ရအောင်

•September 3, 2009 • Leave a Comment

အသိတစ်ယောက် မေးပါတယ်၊ Web / FTP Server ကို Full Control လုပ်နိုင်ဖို့ ဘာ Application တင်ရင်ကောင်းမလဲတဲ့။ ကျွန်တော်ကတော့ ကိုယ်ရူးသွပ်တဲ့ Linux ကိုပဲညွှန်းတာပေါ့ဗျာ။ Linux OS တင်ရင် တစ်ခြား Software ဝယ်တင်စရာကိုမလိုဘူး SSH သုံးရင် တစ်ကယ်လဲ Full Control ရနေတာကိုး။ Terminal နဲ့ပဲသုံးသုံး Command မကျွမ်းရင် Web Base GUI နဲ့ပဲသုံးသုံး အဆင်ပြေပါတယ်။ Command နဲ့ပဲ Terminal ကနေသွားတာတော့ပိုမြန်တာပေါ့ဗျာ။ သူကပြောတယ် ASP .net တင်မှာတဲ့။ ကျွန်တော်လဲအ သွားတာပေါ့ ဆန့်ကျင်ဘက်ကြီးဖြစ်နေတာကိုးဗျ။ Apache နဲ့ PHP/Python လဲကောင်းရဲ့သားနဲ့ပေါ့လေ။ သူကတော့ ခဏခဏပြောပါတယ် Linux မှာ DOT NET Run နိုင်ရင်ကောင်းမှာပဲတဲ့။ ကျွန်တော်ကတော့ .net က သူ့ Frame ပေါ်မှာ Run တာပဲကောင်းမယ်ထင်တယ်လို့။ ရှိမယ်လဲမထင်ဘူးလို့ပြောလိုက်တယ်ဗျ။ ကျွန်တော်မှားသွားတယ်ဗျာ။

အခုတော့ ကျွန်မသိပြီ။ အဲလေ ကျွန်တော် အခုရှာတွေ့ပြီ။ စမ်းလဲစမ်းပြီးသွားပြီ။ (Run လို့တော့ရပြီ။ နောက်ပိုင်း Error တွေ.net သမားတွေပဲ ရှာမှရမယ် ကျွန်တော်ကတော့ .net Run လို့ရတာပဲသိတယ်။)

Linux (Ubuntu / Debian) ပေါ်မှာAsp.Net Run နိုင်ပါတယ်။ Linux တင်မကဘူး Solaris, Mac OS X, Unix တို့မှာပါ Run နိုင်ပါတယ် Mono ကိုသုံးပါတယ်။

XSP = light-weight web server ကိုအသုံးပြုပါတယ်။ (mono-XSP)

C# ကိုသုံးပြီးရေးထားပါတယ်တဲ့။

Ubuntu မှာ mono ကိုသုံးမယ်ဆိုရင်တော့ ဒီလိုသွင်းလိုက်ပါ

sudo apt-get install mono mono-gmcs mono-gac mono-utils monodevelop monodoc-browser monodevelop-nunit monodevelop-versioncontrol

တစ်ခါတလေ Error တက်ရင် ရှေ့ဆုံးက mono တစ်ခုဖြုတ်ပြီး ဒီလိုစမ်းကြည့်ပါ။

sudo apt-get install mono-gmcs mono-gac mono-utils monodevelop monodoc-browser monodevelop-nunit monodevelop-versioncontrol

ဒါဆိုရင် mono သွင်းပြီးပါပြီ။

XPS ဆာဗာသွင်းရအောင်

.Net 1 လား .Net 2 လား

.net 2 ဆိုရင်တော့

sudo apt-get install mono-xsp2 mono-xsp2-base asp.net2-examples

လို့သွင်းပါ။ .net 1 ဆိုရင်တော့

sudo apt-get install mono-xsp mono-xsp-base asp.net-examples

ပါ။ asp.net2-examples နဲ့ asp.net-examples တွေက လိုအပ်တဲ့ Sample File တွေပါ။ Test အမြန်လုပ်လို့ရတာပေါ့။ /usr/share/asp.net2-demos/ နဲ့ /usr/share/asp.net-demos/ နေရာတွေမှာ သွားသွင်းပါတယ်။

သွင်းပြီးသွားခဲ့ရင် Run ကြည့်ရအောင်။

.net 2 အတွက် သွင်းထားခဲ့ရင်

xsp2

.net 1 အတွက် သွင်းထားခဲ့ရင်

xsp

လို့ Terminal မှာရိုက်ပေးရုံပါပဲ။ ဒီလို message ပေါ်လာပါလိမ့်မယ်။

xsp2 (xsp)
Listening on port: 8080 (non-secure)
Listening on address: 0.0.0.0
Root directory: /usr/share/asp.net2-demos (ကျွန်တော့်မှာတော့ /home/username/ ကို root ဖြစ်သွားတယ်။)
Hit Return to stop the server.
Application_Start

ကဲ Error နဲနဲထပ်တက်မှာပေါ့ /usr/share/asp.net2-demos အောက်က index.aspx နဲ့ index2.aspx ကို သူ Root Directory ပေးထားတဲ့အောက်ကို ကော်ပီကူးပြီး browser ကနေကြည့်ပါ။

sudo cp /usr/share/asp.net2-demos/index.aspx /usr/share/asp.net2-demos/index2.aspx

မဟုတ်ခဲ့ရင်

sudo cp /usr/share/asp.net2-demos/index.aspx
~/index2.aspx

MS 2 MY

လောလောဆယ်တော့ Linux မှာ MSSQL ရမရမသိသေးလို့ MSSQL ကနေ MySQL ကိုပြောင်းတာလေးရှာတင်ပေးလိုက်ပါတယ်။ Script ကော GUI ကောပါတယ်ဗျ။ ကျွန်တော့်မှာတော့ MS DATABASE မရှိလို့မစမ်းဖြစ်ဘူး။

အဆင်ပြေ အောင်မြင်ပါစေဗျာ။

http://sourceforge.net/projects/ms2my/

http://www.kofler.cc/mysql/mssql2mysql.html

MSSQL2MYSQL

MSSQL2MYSQL

ဝိရောဓိဘဝ

•August 22, 2009 • Leave a Comment

ဝိရောဓိဘဝ

ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။
ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊
ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊
ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။

ဗဟုသုတတွေ များလာတယ်၊
ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။
ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။
ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။

ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
…. ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘဝအတွက်မဟုတ်ဘူး။

ကျွန်တော်တို့ သက္ကရာဇ်မှာ ဘဝကို မြှုပ်နှံနေကြတယ်။ ဘဝအတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။

ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ဝယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။

ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။

ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ဝင်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

ဒါကြောင့် ကျွန်တော် တင်ပြချင်တာက
ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
သင့်အိမ်ရှေ့ ဝရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။

နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။

သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။

သင့်ဘဝကို ပျော်ရွင်စေမယ့်၊ ဘဝအမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး
သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့

ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ

ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

Email ထဲက Forward လေးပါ။ တကယ်ထိခိုက်ခံစားရလို့ တင်ပေးလိုက်ပါတယ်။