ချွေးပါမွေးအောင် ရေမွေးဆွတ်နည်း

ကျွန်တော် က သစ်သီးရနံ့တွေကိုကြိုက်ပါတယ်။ ဥပမာ သင်္ဘောသီး၊ နာနတ်သီး၊ ကတ္တီဘာသီး ဒါပေမယ့် ရေမွေးတွေကိုတော့ကြိုက်ခဲပါတယ်။ သဘာဝကိုပိုသဘောကျပါတယ်။ ရှားရှားပါးပါးရေမွေးတွေဆိုရင် ဈေးကလဲကြီးပါသေးတယ်။ ယူကလစ်ဆီတို့ဘာတို့တော့ ကြိုက်ပါတယ်။ မသုံးတတ်ရင်လဲ ခဏနဲ့ကုန်သွားနိုင်ပါတယ်။

ဘယ်နားတွေကို ရေမွေးဆွတ်ရမှာလဲ ?

နားရွက်နောက်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ် တွေဆိုလုံလောက်ပါတယ် (အနံ့မပြင်းတဲ့ရေမွေးဆိုရင် မေးရိုးအောက်မှာပါဆွတ်နိုင်ပါတယ်။) ဒါဆိုရင် ရေမွေးကသွေးထဲမှာပါစိမ့်ဝင်ပြီး ချွေးမှာပါမွေးနေပါလိမ့်မယ်။ နေရောင်မထိတဲ့နေရာတွေ ဖြစ်တာမို့ လွယ်လွယ်လဲ မခြောက်သွေ့နိုင်ပါဘူး။

Lavender Oil ဆီဆိုရင် မွေးလဲမွေး ပိုးမွှားတွေလဲကြောက်တာကြောင့် ပိုးမွှားလဲကင်းစင်စေနိုင်ပါလိမ့်မယ်။

ကဲဒီလောက်ဆိုရင် ရည်းစားနဲ့ ချိန်းထာရင် ရေးမွေးဘယ်လို ဆွတ်ထားရမလဲသိပြီနော် 😀

~ by Ko Ko Ye` on December 20, 2007.

One Response to “ချွေးပါမွေးအောင် ရေမွေးဆွတ်နည်း”

  1. Reblogged this on NanAungOo.

Leave a comment