Linux

Linux အကြောင်းပြောရမယ်ဆိုရင် Linux ဟာ Unix-Like ဖြစ်တဲ့ အတွက် သူ့သမိုင်းကြောင်းထဲမှာ Unix Operation Systems အကြောင်းပါ ပြောမှပြည့်စုံသင့်တော်မယ်။
UNIX ကို AT&T ကနေပြီး 1969 ကနေစတင်ခဲ့တယ်။ ကနဦးမှာ MIT (Massachusetts Institute of Technology) ရဲ့ Bell Labs ကနေ 1957 ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး
Multics (Multiplexed Information and Computing Services) လို့ Code Name ခေါ်ဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ UNICS (UNiplexed Information and Computing Service) လို့ပြောင်းလဲခေါ်ဆိုရာမှ တဆင့် စာလုံးပေါင်း UNIX လို့ပြောင်းလဲ ခေါ်ဆိုခဲ့ပြန်ပါတယ်။
သူရဲ့ Trade Mark ဟာ စာလုံးအကြီးတွေနဲ့ ရေးသားထားတဲ့ UNIX ပဲဖြစ်ပြီး အချို့က UNIX ဆိုပြီး Small Caps နဲ့လဲရေးလေ့ရှိတယ်။
ပထမဆုံးအကြိမ် Unix Programing Manual ကို Release လုပ်တာကတော့ 11/03/1971 မှပါ။  UNIX ရဲ့ Design ကို Portable , Multitasking, Multi User, Time Show ဆိုတဲ့ အချက်တွေပါဝင်အောင် အခြေခံတည်ဆောက်ခဲ့တာပါ။

အရင်တုန်းက Unix က Computer လောကမှာ စိုးမိုးနေရာယူထားတဲ့အချိန်  Unix ကလုံးဝနာမည်ကြီး။ အဲဒီအချိန်မှာ Unix မှ Unix ဖြစ်နေတော့ Microsoft ကနေ Unix ကိုစီးပွားရေးလက်ဝါးကြီးအုပ်မှုနဲ့ (1970) ခုနှစ် လောက်မှာ တရားစွဲတယ်။ အဲဒီပွဲမှာ Unix ရှုံးသွားခဲ့တယ်။ Unix က အမှုရှုံးတော့ Unix Source တွေနဲ့ တော်တော်များများ ယူသုံးကြတယ်။ အခု မြန်မာပြည်မှာ XP တို့ Vista တို့ကို သုံးသလိုမျိုးပေါ့။ လူနည်းစုကပဲ တရားဝင်လိုင်စင် ဝယ်သုံးကြတယ်။ အများစုကတော့ Copy တွေပဲပေါ့။ အလကားရတော့ ယူတာပေါ့။ ကျောင်းတွေ ရုံးတွေ အလုပ်ရုံတွေမှာ လိုင်စင်နဲ့ဆို တော်တော် ကုန်ကျမှာလေ။

နောက် ၁၀ နှစ်လောက်ကြာ (1980)ခုနှစ် လောက်မှာ Unix က အဲဒီအမှုကိုပြန်ပြီး အယူခံဝင်တယ်။ တရားရုံးကလဲ အယူခံကို လက်ခံလိုက်တယ်။ အဲဒီတော့မှ စတွေ့တာပဲ။ ဘယ်ပြေးမလဲ အလကားရလို့ ယူသုံးထားတဲ့သူတွေ။ လိုင်စင်ကြေးပေးမလား မသုံးပဲနေမလား။ ခိုးသုံးလို့ကတော့ ဖမ်းမိရင် လျော်ကြေးက နည်းမှာမဟုတ်ဘူေးလ။ အဲဒီတော့မှ ပေးရတော့တာပဲ။ စက်ရုံတွေ ရုံးတွေကတော့ ပေးနိုင်တာပေါ့ Amount မှ သိပ်မများတာကိုး။ မပေးနိုင်တာတွေက University တွေ ကျောင်းတွေ ဆေးရုံလိုဟာတွေ။ အလုံးရေကမနည်းသလို တစ်ကယ်လဲ အများကြီး ပေးရလောက်အောင် အသုံးဝင်နေတာ မဟုတ်သလို မထားလို့လဲ မဖြစ်နိုင်ဘူးလေ။ ဘယ်လိုလုပ်မလဲ အကျိုးအကြောင်း ပြောပြ ဒီတော့ Unix ကနေပြီး Kernel သာသာလေး Computer ခေါ်လို့ရတယ် ဆိုရုံလေး ပေးထားလိုက်တယ်။  ဘာဆိုဘာမှ သုံးစားမရတဲ့ အခြေအနေပေါ့ဗျာ။ အရင်တုန်းက ဒီကကျောင်းတွေလို စက်ကိုမြင်သာမြင် မကြင်ရဆိုတဲ့ Multimedia Room တွေလိုပေါ့ဗျာ (အရင်ကနော် အခုတော့ ပြောင်းလဲလာပါပြီ) ။ အဲတာကို မကျေနပ်တော့ Andrew S. Tanenbaum ကနေ ကျောင်းတွေ Education အတွက် Minix (Mini Unix) ဆိုတာကို 1987 မှာစတင်ပြီး ပြင်ရေးတယ်။ Minix 1 က Unix 7 ကိုလိုက်နာတယ်။

Sun တို့ IBM တို့ TOSHIBA တို့ကလဲ Unix ယူသုံးထားတာပဲ။ သူတို့ကမှ သုံးတာဆိုတာထက် ရောင်းစားတာဆိုပိုမှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ Hardware တွေမှာ Unix OS ထည့်ပြီးမှ ရောင်းစားနေတာလေ။ အဲဒီတော့မှလဲ စက်ကရောင်းရမှာကိုး။ စက်အခွံကြီးပဲဆို ဘယ်သူက ဝယ်မတုန်း။ မဟုတ်ဘူးလား။ အဲဒီတော့ Unix ကလည်း ပြီးတာတွေလည်း ရှိပါစေတော့ နောက် ဘယ်လိုဆက်လုပ်ကြမလဲ ကဲ (အဲလိုတော့မပြောသော်လည်း အဲဒီပုံစံပေါ့နော် 🙂 ) ဒီတော့ စက်တစ်လုံးချင်းအတွက် ပေးရမယ်ဆိုရင်လည်း Hardware သမားတွေသေပြီ။ ဒီတော့မှ Hardware Industry တစ်ခုခြင်းအတွက် Close Source အနေနဲ့ Unix-Like တွေကို နှစ်စဉ်ကြေးပုံစံနဲ့ Limited လေးလုပ်ပြီး လိုင်စင်လေးတွေ ချရောင်းပေးတယ်။

အဲဒီအထဲက နာမည်ကြီးတွေပြောပြရရင်
Devlopmer OS
IBM                        = AIX (Advanced Interactive eXecutive)   Unix V  1986 -2007
HP                          = HP-UX (Hewlett Packard UniX)                    Unix V  1989- 2008
SIG                         = IRIX Unix V + BSD 1998-2006
Sun Microsystems  = SunOS Unix 7 + BSD  1982 -1994
DEC, HP, IBM, Compaq= Tru64 1992 -2006
DEC                     = Ultrix (BSD Unix)     1977~78 -1995
Microsoft         = Xenix (Unix)         1970-1989
နောက် MS နဲ့ IBM ပေါင်းပြီး OS/2 ဆိုပြီး Unix / Xenix ထုတ်ပါသေးတယ်။

1977 ခုနှစ်မှာပဲ Berkeley (University of California) ကနေလဲ UNIX like Systems အဖြစ် BSD (Berkeley Software Distribution) ကိုရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာ FreeBSD OpenBSD NetBSD DragonflyBSD တွေ ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။    1977  to 1995

1984 ခုနှစ်မှာ Richard Stallman ကနေပြီး GNU Project ကိုစတင်ခဲ့တယ်။ သူရဲ့ဦးတည်ချက်က Unix မှာအသုံးပြုလို့ရတဲ့ ဆော့ဝဲတွေကို ရေးသားပြီး အခမဲ့ပေးနိုင်ဖို့တဲ့။ နောက်တစ်နှစ်မှာ (1985) မှာ FSF လို့ အခုခေါ်ကြတဲ့ Free Software Foundation ကိုတည်ထောင်တယ်။ GNU General Publish License (GNU GPL) ကိုလည်း တလက်စတည်း ဆက်လက်ရေးသားတယ်။ တစ်ကယ်ရေးတော့ Compiler, text Editor တွေ Unix Shell တွေနဲ့ Windowing System တွေကို 1989, 1990 လောက်မှပြီးတယ်။

သူတို့ ဘယ်လောက် copyright ကို စိတ်ကုန်သလဲဆိုရင် သူ့ရဲ့ license ကို Copy left တဲ့ဗျာ။ သူများတွေက c ကို အပေါ်က ဝိုင်းထားတယ်ဗျာ။ သူက ဆန့်ကျင်ဘက် c ရဲ့ပြောင်းပြန် မြန်မာဂဏန်း ၁ လိုမျိုးလေးကို ပြန်ဝိုင်းပေးထားတယ်။ မှတ်ကရော ကဲ။

နောက် Andrew S. Tanenbaum ရဲ့ ကျောင်းသား Linus Torvalds ဆိုတဲ့ တစ်ယောက်က News Group တစ်ခုမှာ Unix ကဲ့သို့သော OS မျိုး အခမဲ့ မရေးနိုင်ဘူးလား အစကစပြီး ရေးကြရအောင်ဆိုပြီး ကြွေးကြော်ပြီး စတင်ဖိတ်ခေါ်တာ တွေ့ရတယ်။ Linus Torvalds အဲဒီနောက်ကို တစ်ကောက်ကောက် လိုက်ရင်း  ပထမဆုံး Linux kernel ကို C Language နဲ့ရေးပြီး 1991 ခုနှစ်မှာ Release လုပ်ပေးနိုင်ခဲ့တယ်။

တစ်ကယ်တန်းတော့ Linux က kernel တစ်ခုတည်းပါပဲ။ Core Kernel လို့ပဲခေါ်ကြပါတယ်။ အဓိကဖြစ်တာမှန်ပေမယ့် သူတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ Operation System တစ်ခုဖြစ်မလာနိုင်ပါဘူး။ Module Base/Component တွေလိုအပ်ပါသေးတယ်။ နောက်ပိုင်းမှာတော့ GPL လိုင်စင်မှာပါတဲ့ Software တွေက Unix-Like လေ။ Unix ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်တဲ့ Free Software ။ အခုရေးတဲ့ Linux Kernel ကလဲ Unix-Like ဆိုတော့ Unix လိုပဲ အလုပ်လုပ်တယ်။ နှစ်ခုပေါင်းလိုက်တော့မှ တိုးတက်လာတာ အံ့မခန်းပဲ။ Unix က 1960 မတိုင်မှီက Assembly နဲ့ရေးပြီး 1960 နောက်ပိုင်းတော့ C နဲ့ရေးထားတာ။ Linux ကလဲ C နဲ့ပဲရေးထားတာ။

Unix Linux
(Portable OS Interface for Unix)
POSIX =
HP-UX, AIX, Solaris, BSD, IRIX, … = =
Microsoft
DOD 6.22    16bit Linux    32bit
Windows 95   32bit
XP  32-64bit
Vista   64bit

ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် Linux the NOT  Unix!

နောက်ပိုင်း GPL license  နဲ့ Software တွေများလာသလို GPL License ကလဲ Version 3 အထိရောက်လာတယ်။ အဲဒီမှာ Linus Torvalds က GPL v3 မှာပါတဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေ မကြိုက်တဲ့အတွက်  GPL v3 ကိုလက်မခံနိုင်ဘူးလို့ ဆိုလာပြန်လို့ Richard Stallman က ဆီလီကွန်တောင်ကြားက Linus ရဲ့အိမ်မှာ သုံးရက်လောက် အခြေအတင် တော်တော်ကြီး ဆွေးနွေးခဲ့ရပါသေးတယ်။ နောက်မှ Linus Torvalds ကလက်ခံသွားတာ။

1998 ခုနှစ်မှာ OSS (Open Source Software) တွေ OSD (Open Source Definition) တွေ အတွက်ဆိုပြီး  OSI (Open Source Intiactive) ဆိုတဲ့ corporation တစ်ခုပေါ်ပေါက်လာပါတယ်။ Eric S. Raymond ကစပြီး 1997 မှာစတည်ထောင်တာပါ။ သူကတော့ Source တွေပါမျှဝေပေးဖို့ရည်ရွယ်ပါတယ်။ Open Source ဆိုတဲ့အမည်ကို စတင်သုံးစွဲခဲ့တာကတော့ Netscape (Mozilla) ပါပဲ။ OSI ရဲ့ Logo ကတော့ မြန်မာလို ဂ ငယ်လေးဗျ။  CopyRight – EULA တွေ တော်တော်မုန်းကြပုံပဲ.။ 😀

OSS နဲ့ FSF ကတူသလိုနဲ့မူကွဲတယ်။  Richard Stallman က GPL ကို OSS လို့တွဲသုံးရင်မကြိုက်ဘူး။ FSF က Software တွေ Free ပေးသုံးဖို့ရည်ရွယ်တယ်။ OSS က Source တွေ မျှဝေပေးဖို့ရည်ရွယ်တယ်။ နောက်ပိုင်း Software တွေတော်တော်များများက OSI က OSS အတွက်  Certificate ပေးပြီး အသိအမှတ်ပြုတယ်။ GPL License ရဲ့စည်းကမ်းတွေအောက်မှာ အလုပ်လုပ်တယ်။ အခုနောက်ပိုင်း Software တွေက နှစ်ခုလုံးကို လိုက်နာတော့ OSS, GPL နှစ်ခုလုံးတူတူပဲလို့ အမှတ်မှားနေကြပြီ။

OSS တွေရှာချင်တယ်ဆိုရင်တော့  sourceforge.net လိုဆိုက်တွေ ရှိပါတယ်။ ခင်ဗျားတို့ ကိုယ်ပိုင် Source တွေ Free တင်ထားနိုင်သလို support services ရောင်းခိုင်းလို့လဲရပါတယ်။ ပေးထားတဲ့ သောင်းချီနေတဲ့ Source တွေကို ယူပြီး သုံးစွဲ လေ့လာနိုင်ပါတယ်။ Source တွေ အခမဲ့ပေးထားပေမယ့် support services ကို ပိုက်ဆံပေးမှ လုပ်ပေးတာတွေလဲရှိပါတယ်။
(CVS) Concurrent Versions System နဲ့ (svn) Subversion တွေနဲ့ ပြသထားပါတယ်။ wiki ကိုအသုံးပြုပြီး Source History တွေ Manual တွေ Bug Report တွေရေးနိုင်ပါတယ်။ အခုနောက်ပိုင်း နာမည်ကြီးလာတာကတော့ http://code.google.com/hosting/ ပါ။  အခမဲ့ Source တွေ သွားရောက်လေ့လာစေချင်ပါတယ်။ (ကျွန်တော်က Gtalk မှာ မအားလို့ပါ။ 😛 )

ကျန်တာတွေကို အခုရေးမယ် တော်ကြာရေးမယ် ရေးချင်မှလည်းရေးမယ်။ မျှော်ရန်မလို…….

~ by Ko Ko Ye` on January 6, 2009.

2 Responses to “Linux”

  1. ကောင်းတယ်ဗျာ။ ဒါမျိုးလေးတွေ စောင့်ဖတ်နေပါတယ်။

  2. 11 03 1971 က unix programmer manual စထုတ်​တာပါ

Leave a comment